5.9.2020 ရက်နေ့ညပိုင်း
အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များသည်
သက်ဆိုင်ရာတိုလ်းဂိတ်များ၌
လုံခြုံရေးတာဝန်ထမ်းဆောင်လျက်
အမြန်လမ်းမကြီးတစ်လျှောက်
အသုံးပြုသွားလာလျက်ရှိသည့်
မော်တော်ယာဉ်များအား
စစ်ဆေးကာ
ယာဉ်စည်းကမ်းလမ်းစည်းကမ်း
အသိပညာပေးခြင်းများ
ဆောင်ရွက်လျက်ရှိပါသည်။
မိမိတပ်ဖွဲ့ဝင်များအနေဖြင့်
မော်တော်ယာဉ်များအား
ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ
သတ်မှတ်အရှိန်အတွင်းမှ
အန္တရာယ်ကင်းရှင်းစွာဖြင့်
မောင်းနှင်ကြရန်
အသိပေးမှာကြာခြင်းကိုသာ
ဆောင်ရွက်နိုင်သည်ဖြစ်ရာ
မော်တော်ယာဉ်များအား
ကိုယ်တိုင်အသုံးပြု
မောင်းနှင်ကြသူများအနေဖြင့်
မိမိ၏ ပေါ့ဆမှု
မှားယွင်းမှုကြောင့်
မလိုလားအပ်သည့်
ယာဉ်မတော်တဆမှုများ
မဖြစ်ပွားစေရေး
ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ
ဂရုပြုမောင်းနှင်ခြင်းဖြင့်
မိမိတို့လိုရာခရီးသို့
ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်
အချိန်မီ ရောက်ရှိစေရေး
ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။